ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု/
­
23 03, 2017

၂၀၁၇ ခုနှစ် အတွက် အဘိဓမ္မာ (ရိုးရိုး) သင်တန်းများ ဖွင့်လှစ်ခြင်း

By |March 23rd, 2017|အဘိဓမ္မာ (ရိုးရိုး), အဘိဓမ္မာသင်တန်းများ|0 Comments

ဓမ္မမိတ်ဆွေအပေါင်းတို့

အဘိဓမ္မာအသင်းကြီး (Abhidhamma Society) မှ ကြီးမှူး၍ အောက်ပါ အဘိဓမ္မာသင်တန်းများကို မတ်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်သွားမည့် ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဖွင့်လှစ်မည့်သင်တန်းများ
(၁) အဘိဓမ္မာ (ရိုးရိုး) ပထမဆင့် ။ ။ ၂၅.၃.၂၀၁၇ မှစ၍အပတ်စဉ် စနေနေ့တိုင်း (စာရင်းပိတ်ပြီး)
(၂) အဘိဓမ္မာ (ရိုးရိုး) ဒုတိယဆင့် ။ ။ ၂၆.၃.၂၀၁၇ မှစ၍အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
(၃) အဘိဓမ္မာ (ရိုးရိုး) တတိယဆင့် ။ ။ ၂၇.၄.၂၀၁၇ မှစ၍အပတ်စဉ် ကြာသပတေးနေ့တိုင်း

သင်ကြားပေးမည့် ဆရာတော် ။ ။ ဆရာတော်ဦးသုနန္ဒာလင်္ကာရ (ရေကြည်ချမ်းမြ)
သင်တန်းနေရာ ။ ။ ဓမ္မဥယျာဉ်ကျောင်း (17 Jalan Sendudok, Sembawang Spings Estate, S 769454)
သင်တန်းအချိန် ။ ။ ညနေ ၆း၃၀ နာရီ မှ ၇း၃၀ နာရီအထိ။
စာရင်းပေးသွင်းရန် ။ ။ www.abhidhammasociety.com/reg.htm

သင်တန်းများတွင် ဆရာတော်မှ ဓမ္မဗျူဟာမှ ပြုစုထုတ်ဝေထားသော မှတ်စု ၊ ဆိုရိုးနှင့် ဇယားစာအုပ်များ ဖြင့် တွဲဖက်ကာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ ဓမ္မဒေါင်းလုပ် Download မှ Soft Copy များကို  ရယူထားပါသည်။

၁။ ဓမ္မဗျူဟာ အဘိဓမ္မာ ပထမ အဆင့် မှတ်စု(စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိဏ်းပိုင်း)

၂။ဓမ္မဗျူဟာ အဘိဓမ္မာ ဒုတိယအဆင့် မှတ်စု(ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း၊ ရုပ်ပိုင်း)

၃။ဓမ္မဗျူဟာ အဘိဓမ္မာ တတိယအဆင့် မှတ်စု (သမုပစ္စည်းပိုင်း၊ ပစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း)

၎။ ဓမ္မဗျူဟာ အဘိဓမ္မာ (ရိုးရိုး) သင်တန်း သင်္ဂြုလ်ကိုးပိုင်း ဇယား

၅။ အဘိဓမ္မာ သဂြုင်္ိလ် ကိုးပိုင်း သရုပ်ခွဲနည်းဇယား (ဆိုရိုး)

ဆက်သွယ်ရန် အကျိုးတော်ဆောင်များ
ကိုမြင့်ဇော် – ၉၃၈၇၀၃၃၅ ၊ ကိုလှမိုး – ၉၈၂၃၂၁၆၉ ၊ ကိုကွန်းဇော် – ၉၁၁၄၅၇၀၅၊ ကိုအေးကျော်စိုး – ၉၄၈၈၆၈၇၃၊
မတင်နီလာထွန်း – ၉၂၃၄၉၄၃၅၊ မဇင်မာအေး – ၈၂၄၅၃၇၆၆၊ မမူယာနွဲ့ – ၈၁၈၀၀၆၂၀ ၊ မ၀တ်ရည်တင် – ၉၁၄၅၇၅၇၆

မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး

20 02, 2017

ပြည်လုံးအေး သဲပုံစေတီပွဲ (ချောင်းသာကမ်းခြေ) ဖိတ်ကြားလွှာ

By |February 20th, 2017|သဲပုံစေတီပူဇော်ပွဲ|0 Comments

 

အဘိဓမ္မာအသင်းကြီး (Abhidhamma Society) ၏ မြန်မာပြည်တွင် ဒုတိယအကြိမ် ကျင်းပမည့်

ပြည်လုံးအေး သဲပုံစေတီပွဲ (ချောင်းသာကမ်းခြေ) ဖိတ်ကြားလွှာ
🌼🌼🌼🌼🌼🌼🌼🌼
အို သဒ္ဓါကြည်လင်ပါရမီရှင် သူတော်ကောင်းအပေါင်းတို့
၁။ ကုသိုလ်နှင့် ယှဉ်သည့် ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ တပေါင်းလသဲပုံစေတီပွဲကို ပြန်လည်အသက်ဝင် ဖော်ထုတ် ထိမ်းသိမ်း လက်ဆင့်ကမ်းရန်။
၂။ မြန်မာပြည်အနှံ့ သဲပုံစေတီပူဇော်ပွဲ ယဉ်ကျေးမှု ရှင်သန်ထွန်းကားလာစေရန်။
၃။ သဲပုံစေတီ တည်ရခြင်းကြောင့် ရရှိအပ်သော အကျိုးများကို ရရှိခံစားကြစေရန် ဟူသော သမ္မာဆန္ဒ ရည်ရွယ်ချက်များဖြင့် သာသနာတော်နှစ် ၂၅၆၀ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၈ ခု၊ တပေါင်းလပြည့်၊ တနင်္ဂနွေနေ့ ၊ ခရစ်သက္ကရာဇ် ၁၂-၃-၂၀၁၇ တွင် အဘိဓမ္မာအသင်းကြီး (Abhidhamma Society) မှ ကြီးမှူ၍ စေတနာရှင် ပြည်သူများနှင့်အတူ ချောင်းသာကမ်းခြေ ကျွန်းသာသောင်ဦး ကမ်းနှဖူးတွင် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့သော မြတ်ဗုဒ္ဓ အဆူဆူတို့အားရည်မှန်း၍… မေတ္တာနှင့်ကရုဏာ စေတီတော်နှစ်ဆူခြံရံလျက် တည်ထားမည့် ပြည်လုံးအေး သဲပုံစေတီပွဲ ကို သူတော်ကောင်း ပါရမီရှင်အပေါင်းတို့မှ မိမိတို့နိုင်ရာ သဲတစ်ဆုပ် ရေတစ်ပုံးတို့ဖြင့် ကိုယ်တိုင်ပါဝင် တည်ထား ကုသိုလ်ပွားနိုင်ကြစေရန် ကျင်းပသွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့နှင့်အတူ သဲပုံစေတီ တည်လိုသော သူတော်ကောင်းတို့ အနေဖြင့် မိမိအစီအစဉ်ဖြင့် ချောင်းသာသို့ လာ၍သော်လည်းကောင်း ၊ အကျိုးတော်ဆောင်များအား အသေးစိတ်အချက်အလက်များကို မေးမြန်းဆက်သွယ် စာရင်းပေး၍ ကျွန်ုပ်တို့နှင့် ရန်ကုန်မှ  အတူ လိုက်ပါ၍သော်လည်းကောင်း ၊ န၀ကမ္မအလှူတော်ငွေများ ဆက်သွယ် လှူဒါန်း၍သော်လည်းကောင်း ပါဝင်ကုသိုလ်ယူပူဇော်နိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍နှိုးဆော်အပ်ပါသည်။
ဆရာမကြီး ဒေါ်ခင်ခင်ချို – ၀၉ ၇၉ ၅၇၅၇ ၃၇၉ ၊ ကိုကျော်ဝဏ္ဏ – ၀၉၄၂၀၁၂၀၉၃၆ ၊ ဦးမြင့်သိန်း – ၀၉၂၅၄၃၁၄၁၈၂ ၊ မနွဲ့ယဉ်ဝင်း – ၀၉၄၂၁၁၀၁၃၈၃ ၊ ကိုစည်သူအေးကို – ၀၉၅၁၁၅၇၁၂ ၊ ကိုသန်းနိုင်ဦး – ၀၉၄၅၀၀၃၂၉၃၀
မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး
12 01, 2017

၂၀၁၇ ခုနှစ် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲနှင့် (၅) ရက်တာ ၀ိပဿနာ နေ့တရားစခန်း အလှူရှင်များစာရင်း

By |January 12th, 2017|တရားစခန်း, ပဋ္ဌာန်းပူဇော်ပွဲများ, အလှူရှင်များစာရင်း|0 Comments

 အဘိဓမ္မာအသင်းကြီးမှ ( ၄) ရက် (၄) ညတိုင်တိုင် ကျင်းပပြုလုပ်မည့် သတ္တမ အကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆရာမကြီးဒေါ်ခင်ခင်ချို၏ (၅) ရက်တာ ၀ိပဿနာ နေ့တရားစခန်းအတွက် လှူဒါန်းမှု အစုစု

လှူဒါန်းဖွယ်ရာများ
အရုဏ်ဆွမ်း + အာဟာရဒါန = စင်္ကာပူဒေါ်လာ ၁၅၀
နေ့ဆွမ်း + အာဟာရဒါ = စင်္ကာပူဒေါ်လာ ၃၀၀
အအေးဖျော်ရည် တစ်ရက်စာ = စင်္ကာပူဒေါ်လာ ၁၀၀
တရားခန်းမအတွက် = တစ်ရက်လျှင် စင်္ကာပူဒေါ်လာ ၂၀၀ x ၅
ကမ္မဋ္ဌာန်းနည်းပြဆရာများအတွက် လေယာဉ်လက်မှတ် = တစ်စောင်လျှင် စင်္ကာပူဒေါ်လာ ၄၀၀ x ၂

 

အဘိဓမ္မာအသင်းကြီးမှ ( ၄) ရက် (၄) ညတိုင်တိုင် ကျင်းပပြုလုပ်မည့် သတ္တမ အကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲနှင့် တတိယအကြိမ်မြောက် ဆရာမကြီးဒေါ်ခင်ခင်ချို၏ (၅) ရက်တာ ၀ိပဿနာ နေ့တရားစခန်းအတွက် လှူဒါန်းမှု အစုစု
❀❀❀ ❀❀❀ ❀❀❀
ရက်စွဲ အလှူရှင်အမည် လှူဖွယ်ပစ္စည်း အမျိုးအစား ၀တ္ထုငွေ (စင်္ကာပူဒေါ်လာ)
Capt. ဦးလှအောင် + ဒေါ်ခင်သန်းနွယ်မိသားစု အထွေထွေ အသုံးပြုရန် အလှူငွေ ၅၀
1/27/2017 မှ 2/1/2017 အထိ ကိုဇော်မင်းထွန်း + မဆွေဆွေသက် မိသားစု သောက်ရေသန့် အလှူ (၃) ရက်စာ
28. Jan. 2017 စိုင်းအောင်မြတ်သူ ၊ မောင်အောင်မြတ်ကို နှင့် မဆုရည်မြင့် သူငယ်ချင်း ၃ ဦး စနေနေ့ အရုဏ်ဆွမ်း + အာဟာရဒါန ၁၅၀
29. Jan. 2017 မိဘနှစ်ပါးအား အမှူးထား၍ မသီရိလှိုင် ကောင်းမှု တနင်္ဂနွေနေ့ အရုဏ်ဆွမ်း + အာဟာရဒါန ၁၅၀
29. Jan. 2017 တနင်္ဂနွေနေ့ နေ့ဆွမ်း + အာဟာရဒါန
30. Jan. 2017 ကိုသူရအောင် + မဖြူဖြူလွင် မိသားစု တနင်္လာနေ့ အရုဏ်ဆွမ်း + အာဟာရဒါန ၁၅၀
30. Jan. 2017 တနင်္လာနေ့ နေ့ဆွမ်း + အာဟာရဒါန
31. Jan. 2017 ကိုဝင်းကိုကိုဇော်မိသားစု အင်္ဂါနေ့ အရုဏ်ဆွမ်း + အာဟာရဒါန ၁၅၀
31. Jan. 2017 အင်္ဂါနေ့ နေ့ဆွမ်း + အာဟာရဒါန
1. Feb. 2017 ဗုဒ္ဓဟူးနေ့ အရုဏ်ဆွမ်း + အာဟာရဒါန
1. Feb. 2017 ကိုမိုးကျော်ဦး + မဇင်မာအေး မိသားစု ဗုဒ္ဓဟူးနေ့ နေ့ဆွမ်း + အာဟာရဒါန
ကိုသိန်းနိုင် + မခင်အေးသန့် သောက်ရေသန့် အလှူ (၁) ရက်စာ ၁၀၀
မနန်းခင်ထွေး အထွေထွေ အသုံးစရိတ်အတွက် အလှူငွေ ၅၀
မိဘနှစ်ပါးအား အမှူးထား၍ မအေးမြတ်သူမှ အထွေထွေ အသုံးစရိတ်အတွက် အလှူငွေ ၅၀
မိကြင်နာ အအေးဖျော်ရည် အလှူ (၁) ရက်စာ ၁၀၀
မဇင်မာထွေး + မသဲဇာနည် အအေးဖျော်ရည် အလှူ (၁) ရက်စာ ၁၀၀
မိဘနှစ်ပါးအား အမှူးထား၍ မခင်ရဲလွင်မှ ယောဂီများ နေ့ဆွမ်းအတွက် Lunch Tray အခု ၂၀ အတွက် ၁၆၀

 
 

5 01, 2017

တတိယအကြိမ်မြောက် ဆရာမကြီး ဒေါ်ခင်ခင်ချို၏ (၅) ရက်တာ နေ့တရားစခန်း ဖိတ်ကြားလွှာ

By |January 5th, 2017|တရားစခန်း|0 Comments

5-days-vipassana-retreat-by-dhammateacher-dawkhinkhincho

ဓမ္မမိတ်ဆွေအပေါင်းတို့ …
မြတ်စွာ ဘုရားဟောကြားခဲ့သော တရားဓမ္မများကို လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့် တန်ဖိုးရှိသောအချိန်များကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ဆရာမကြီးမှ ၀ိပဿနာတရား ရှုမှတ်နည်းကို မိုးကုတ်ဆရာတော်ကြီး၏ ဥပနိဿယအတိုင်း ခန္ဓာဉာဏ် ရောက် စနစ်တကျ ညွှန်ကြားပြသပေးမည်ဖြစ်ပါသဖြင့် တရား ရှုမှတ်ပွားများအားထုတ်လိုသော ယောဂီသူတော်စင်တို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၂၈) ရက်မှ ဖေဖော်ဝါရီ(၁) ရက်နေ့
အချိန် ။ ။ မနက် (၈း၀၀) နာရီ မှ ညနေ (၆း၀၀) အထိ
နေရာ ။ ။ မင်္ဂလ၀ိဟာရကျောင်းတိုက် (ဒုတိယထပ် ၊ တရားထိုင်ခန်းမ)
(30 Jalan Eunos, S419495)

လူဦးရေ အကန့်အသတ်ရှိပါသဖြင့် တရားစခန်းဝင်လိုသူများ အကျိုးဆောင်များထံသို့ အမည်နှင့်အီးမေးလ် တို့ကိုပေးပို့၍သော်လည်းကောင်း၊ အောက်ဖော်ပြလင့်တွင် ဖောင်ဖြည့်၍သော်လည်းကောင်း စာရင်းသွင်းနိုင်ကြပါသည်။

Registration Form : http://tiny.cc/5days-meditation

အလှူဒါန
တရားရိပ်သာအတွက် နေ့ဆွမ်းအာဟာရဒါန၊ ဆရာ ပင့်ဆောင်ရာတွင် ကုန်ကျစရိတ်စသည်များကို လှူဒါန်းကုသိုလ်ယူနိုင်ပါသည်။

ဆက်သွယ်စုံစမ်းရန် အကျိုးတော်ဆောင်များ
မနှင်းယုလွင် – 94231787 ၊ ကိုဖြိုးကျော် – 87141994 ၊ ကိုမြင့်ဇော် – 93870335 ၊ မြတ်ကျော်လွင် – 92770279 ၊ မနှင်းဝေအောင် – 91876172 ၊ နန်းခမ်းလှိုင်း – 82002110 ၊ မအေးမြတ်သူ – 91450965 ၊ မဖြူဖြူလွင် – 81495721 ၊ မခင်ရဲလွင် – 97436992

မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး
(Abhidhamma Society)
www.facebook.com/abhidhammasociety

 

5 01, 2017

❀ သတ္တမအကြိမ်မြောက် လူပုဂ္ဂိုလ်များဆိုင်ရာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖိတ်ကြားလွှာ ❀

By |January 5th, 2017|ပဋ္ဌာန်းပူဇော်ပွဲများ|0 Comments

2017-patthana-puja

လေးစားရပါသော တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့…

မင်္ဂလ၀ိဟာရကျောင်းဆရာတော်များ၏ အားပေးထောက်ပံ့မှုဖြင့် အဘိဓမ္မာအသင်းကြီး (Abhidhamma Society) မှကြီးမှူး ကျင်းပအပ်ပါသော သတ္တမအကြိမ်မြောက်လူပုဂ္ဂိုလ်များဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ကျွန်တော် ကျွန်မတို့ နှင့်အတူ ပါဝင်ဆင်နွှဲ ကုသိုလ်တော်ယူနိုင်ကြပါရန် ချစ်ခင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက် မှ (၃၀)ရက် နေ့အထိ။
(တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်များ)
သာသနာနှစ် ၂၅၆၀ ၊ ကောဇာသက္ကရာဇ် ၁၃၇၈-ခုနှစ်၊ ပြာသိုလကွယ်နေ့ မှ တပို့တွဲလဆန်း(၃) ရက်နေ့ အထိ။

အချိန် ။ ။ ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့ညနေ (၈း၀၀) နာရီတွင် စတင်ကျင်းပမည်ဖြစ်ပါသည်။

နေရာ ။ ။ မင်္ဂလ၀ိဟာရကျောင်းတိုက်၊ ယူးနို့စ်ဘူတာအနီး ၊ စင်္ကာပူနိုင်ငံ။
(30 Jalan Eunos, S419495 )

Registration Form ။ ။ http://tiny.cc/patthan-2017
To View Sshedule and Donation List ။ ။ http://tiny.cc/patthan-schedule-2017

အထူးသဖြင့် စာမျက်နှာ (၂၆၄၀) ရှိသော ပဋ္ဌာန်းကျမ်းတော်ကြီးကို (၄) ရက် (၄) ည တိုင်တိုင် အသံမစဲလူပုဂ္ဂိုလ်များတစ်ဦးချင်း အလှည့်ကျပူဇော်မည်ဖြစ်ပါ၍ အဆုံးမရှိ
ကုန်အောင်သိသည့်မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ဖြင့်သာ ကျက်စားရာဖြစ်တော်မူသော ကြီးကျယ် မြင့်မော် ဤပဋ္ဌာန်းကျမ်းတော်ကြီးအား တစ်သက်တစ်ခါ ကြုံရသည့်အခိုက်အခါတွင်
သဒ္ဓါကြည်လင်ပါရမီရှင် ညီအစ်ကိုမောင်နှမများအား ကိုယ်တိုင်ပါဝင်ရွတ်ဖတ် ပူဇော်ပြီး ကုသိုလ်တော်ယူကြနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ပါဝင်ရွတ်ဖတ်ပူဇော်လိုသူများသည် Registration form ကို ဖြည့်စွက်၍ သော်လည်းကောင်း ၊ အောက်ပါအကျိုးတော်ဆောင်များသို့ ဆက်သွယ်၍သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ကြပါသည်။

အကျိုးတော်ဆောင်များ
ကိုဇော်မင်းထွန်း ၉၇၇၂၄၀၆၃ ၊ ကိုအေးကျော်စိုး ၉၄၈၈၆၈၇၃
ကိုမိုးကျော်ဦး ၈၃၇၀၅၃၃၈ ၊ ကိုလှမိုး ၉၈၂၃၂၁၆၉
မမူယာနွဲ့ ၈၁၈၀၀၆၂၀ ၊ မခင်စန်းယု ၈၂၉၈၆၂၉၇
မဇင်မာအေး ၈၂၄၅၃၇၆၆ ၊ မအက္ခရာ ၉၇၃၃၃၈၉၁

✽ မဟာပဋ္ဌာန်းကျမ်း – ၅ ကျမ်း (PDF) ✽
ပဋ္ဌာနပါဠိ (ပဋ္ဌမတွဲ) : http://tiny.cc/PatthanPali-Book1 (464 pages)
ပဋ္ဌာနပါဠိ (ဒုတိယတွဲ) : http://tiny.cc/PatthanPali-Book2 (493 pages )
ပဋ္ဌာနပါဠိ (တတိယတွဲ) : http://tiny.cc/PatthanPali-Book3 (605 pages)
ပဋ္ဌာနပါဠိ (စတုတ္ထတွဲ) : http://tiny.cc/PatthanPali-Book4 (636 pages )
ပဋ္ဌာနပါဠိ (ပဉ္စမတွဲ) : http://tiny.cc/PatthanPali-Book5 (442 pages )

✽ မဟာပဋ္ဌာန်း ( ၅ ) ကျမ်းရွတ်ဖတ်ပူဇော်ရန် လေ့ကျင့်ခန်းများ ✽
အရှင်စက္ကပါလ ၊ အရှင်ဝိလာသဂ္ဂ (ပျော်ဘွယ်)
http://www.abhidhammasociety.com/?p=11194

✽ သံဃာတော်များရွတ်ဖတ်ပူဇော်ထားသည့် အသံဖိုင်များ ✽
ပထမတွဲ – http://www.abhidhammasociety.com/?p=11195%22
ဒုတိယတွဲ – http://www.abhidhammasociety.com/?p=11196
တတိယတွဲ – http://www.abhidhammasociety.com/?p=11197
စတုတ္ထတွဲ – http://www.abhidhammasociety.com/?p=11198
ပဉ္စမတွဲ – http://www.abhidhammasociety.com/?p=11199

✽ ဦးလေးဦးခင်မြင့် ရွတ်ဖတ်ပူဇော်ထားသောအသံဖိုင်များ ✽
ပထမတွဲ – http://www.abhidhammasociety.com/?p=11243%22
ဒုတိယတွဲ – http://www.abhidhammasociety.com/?p=11244
တတိယတွဲ – http://www.abhidhammasociety.com/?p=11245
စတုတ္ထတွဲ – http://www.abhidhammasociety.com/?p=11246
ပဉ္စမတွဲ – http://www.abhidhammasociety.com/?p=11247

မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး
(Abhidhamma Society)
www.abhidhammasociety.com
www.facebook.com/abhidhammasociety